📝 Text Prompt ဖွဲစည်းပုံ
စာသားဖြင့် အဖြေပေးသော AI အတွက် အောက်ပါ ၄ ချက် ပါဝင်သင့်ပါသည်။
- 1. Persona အကောင်အထည်: AI ကို ဘယ်သူ့အနေနဲ့ ဖြေစေချင်တာလဲ။ (ဥပမာ - ဆရာ၊ ဧည့်လမ်းညွှန်)
- 2. Task လုပ်ဆောင်ချက်: ဘာလုပ်ခိုင်းမှာလဲ။ (ဥပမာ - စာရေးပါ၊ ဘာသာပြန်ပါ)
- 3. Context နောက်ခံအကြောင်းအရာ: အသေးစိတ် အချက်အလက်များ။ (ဘယ်သူ့အတွက်လဲ၊ ဘာကြောင့်လဲ)
- 4. Format ပုံစံ: အဖြေပုံစံ။ (ဥပမာ - ဇယားကွက်၊ အီးမေးလ်)
Example (နမူနာ)
"ဆရာဝန်တစ်ဦးအနေဖြင့် (Persona)၊ ဆီးချိုသမားများအတွက် (Context)၊ တစ်ပတ်စာ စားသောက်ဖွယ်ရာ အစီအစဉ်ကို ရေးဆွဲပေးပါ (Task)။ ဇယားကွက်ဖြင့် ဖော်ပြပေးပါ (Format)။"
🖼️ Photo Prompt ဖွဲစည်းပုံ
ပုံထုတ်ပေးသော AI အတွက် အမြင်အာရုံဆိုင်ရာ အချက်အလက်များ လိုအပ်ပါသည်။
- 1. Subject အကြောင်းအရာ: ပုံထဲတွင် ဘာပါဝင်မလဲ။ (လူ၊ တိရစ္ဆာန်၊ ဝတ္ထု)
- 2. Composition ဖွဲ့စည်းပုံ: ကင်မရာထောင့်၊ ဘောင်ခတ်မှု။ (Close-up, Wide angle)
- 3. Lighting အလင်းအမှောင်: အချိန်ကာလ၊ အလင်းပုံစံ။ (Golden hour, Cinematic lighting)
- 4. Style စတိုင်: အနုပညာဟန်။ (Photorealistic, Oil painting, 3D render)
Example (နမူနာ)
"ချစ်စရာကြောင်လေးတစ်ကောင် (Subject)၊ ပန်းခြံထဲတွင် ထိုင်နေသည်၊ အနီးကပ်ရိုက်ချက် (Composition)၊ နေဝင်ချိန် ရွှေရောင်အလင်း (Lighting)၊ ဓာတ်ပုံအစစ်ကဲ့သို့ (Style)"
🎥 Video Prompt ဖွဲစည်းပုံ
ဗီဒီယိုအတွက် လှုပ်ရှားမှုနှင့် ကင်မရာရိုက်ချက်များ အရေးကြီးပါသည်။
- 1. Subject/Scene ဇာတ်ကွက်: ဘာမြင်ရမလဲ။ (Cyberpunk မြို့တော်)
- 2. Action လှုပ်ရှားမှု: ဘာလုပ်နေသလဲ။ (ကားများ မောင်းနှင်နေသည်)
- 3. Camera ကင်မရာ: ရိုက်ချက်ပုံစံ။ (Drone shot, Zoom in)
- 4. Atmosphere လေထု: ခံစားမှု။ (မြူခိုးများ၊ မိုးရွာနေသည်၊ ရုပ်ရှင်ဆန်သော)
Example (နမူနာ)
"အနာဂတ်မြို့တော် (Scene)၊ ယာဉ်ပျံများ ပျံသန်းနေသည် (Action)၊ မိုးမျှော်တိုက်များအကြား ဒရုန်းရိုက်ချက် (Camera)၊ နီယွန်မီးရောင်စုံဖြင့် ညအချိန် (Atmosphere)"